ပန်းတနော်မြို့နယ် ဆန်စက်သို့ ဂတ်စ် အသုံးပြုလည်ပတ်နေမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

           ၂၀-၇-၂၀၂၅နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွေကျောင်းမြောက်ကျေးရွာ အုပ်စု၊ဂုံမင်းကျေးရွာရှိ ဆန်စက်မှ ဂတ်စ်ဖြင့်လည်ပတ်ကြိတ်ခွဲရာ တွင်အနံ့ဆိုးများထွက်ရှိသဖြင့် တိုင်ကြားစာနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ပေးထားသည်အပေါ် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီမှူး ကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             စစ်ဆေးဆောင်ရွက်ရာတွင် ဆန်စက်မှ လည်ပတ်နေမှုအခြေအနေနှင့် ကန်သုံးကန် ပြုလုပ်ထားရှိမှုစနစ်များကို စစ်ဆေးခြင်း၊ ရေဆိုးထွက်ပေါက်လမ်းကြောင်း အခြေအနေများကိုစစ်ဆေးခြင်းနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Gasifier အသုံးပြု စက်မှုလုပ်ငန်းများအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားနိုင်မည့် အစီအမံများ စနစ်တကျဆောင်ရွက်ထားရှိရန်ကို ဆန်စက်လုပ်ငန်းရှင်ကိုမှာကြားပြီး ဆန်စက်မှ ဆောင်ရွက်ထားရှိသော ဖြစ်စဉ်များကို စိစစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လက်ဆက်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)