
မန္တလေးတိုင်းဒေသကြီး၊မြို့ဟောင်းဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများ နှင့် ပြင်ဦးလွင်ဒေသမှ ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီး အသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ ယခု ဩဂုတ်လ ဆန်းပိုင်းတွင် ကြက်ဥတစ်လုံးလျှင်(၃၅၀/၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၀၀/၆၀၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၉၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် ယခုလ နှိုင်းယှဉ်ပါက ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ရောင်းချသူ ထံမှ သိရှိရသည်။
DOCA (မန္တလေး)