Main menu

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးကွက်

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊မြို့ဟောင်းဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများ နှင့် ပြင်ဦးလွင်ဒေသမှ  ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီး အသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ ယခု ဩဂုတ်လ ဆန်းပိုင်းတွင် ကြက်ဥတစ်လုံးလျှင်(၃၅၀/၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၀၀/၆၀၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၉၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် ယခုလ နှိုင်းယှဉ်ပါက ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ရောင်းချသူ ထံမှ သိရှိရသည်။

DOCA (မန္တလေး)