
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှအောင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးတို့ဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား (၁)ပိဿာလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ်နှင့် (၅၀)ကျပ်သား လျှင်(၂၂၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုး အမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)