“ဂေါ်ဖီထုတ်များဖြိုင်ဖြိုင်ဝင်ရောက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ပေါ်ရှိ အေးမြကြည်လင်စျေးသို့ အောင်ပန်း၊ ကလော၊ရွာငံနှင့်ရေဦးမြို့များမှထွက်ရှိသောဂေါ်ဖီထုတ်များ ခေါက်တိုကားများဖြင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း၊ ဂေါ်ဖီထုတ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းဒေသတွင် အများဆုံး စိုက်ပျိုး ကြပြီး ဖောက်သည်စျေးနှုန်းအနေဖြင့် ယခင်လများတွင် ဂေါ်ဖီထုတ်အကြီး(၁)ထုတ်လျှင် (၈၀၀/-) ကျပ်၊ အလတ်(၁)ထုတ်လျှင် (၃၀၀/-)ကျပ်စျေးအထိ‌ ရောင်းချရပြီး ယခုအချိန်တွင် ဖောက်သည်စျေး အနေဖြင့် ဂေါ်ဖီထုတ်အကြီး(၁)ထုတ်လျှင် (၁၀၀၀/-)ကျပ်၊ အလတ်(၁)ထုတ် လျှင် (၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ လက်လီစျေးနှုန်းအနေဖြင့် ဂေါ်ဖီထုတ် အကြီး(၁)ထုတ် လျှင်(၁၁၀၀/-)ကျပ်၊အလတ်(၁)ထုတ်လျှင် (၈၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရပြီး ဂေါ်ဖီထုတ် များဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိပြီး ဂေါ်ဖီထုတ်ကို အစိမ်းလိုက် အတို့အမြုပ်စားသုံးခြင်း ၊ အသုပ်သုပ် စားခြင်း၊ ကြော်ချက်၍ စားသုံးခြင်း နှင့် ဟင်းခါး ဟင်းရည်အဖြစ် ချက်ပြုတ်စားသုံးကြကြောင်း၊ ဂေါ်ဖီထုပ်စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပွားအောင် ကာကွယ်ပေးနိုင်ကြောင်း၊ နှလုံးသွေးကြော ကိုကျန်းမာစေကြောင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းနှင့် ကိုယ်ခံအားကိုကောင်းစေကြောင်း လေ့လာသိရှိရပါသည်။  

DOCA(မန္တလေး)