တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကို အလွန်ပင် အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစားပြီးလျှင် အချိုတည်းစရာအဖြစ် စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆ်အမြစ်နာကျင်ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

       ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)