
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်၌ ရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ(၃)လုံးပါ တစ်တွဲလျှင်(၈၀၀)ကျပ်၊ (၂)တွဲလျှင်(၁၅၀၀)ကျပ် နှင့် မုံလာဥဖြူ(၃)လုံးပါ (၁၀)တွဲလျှင်(၇၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)