
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ အထောက်အကူဖြစ်စေရန်အတွက် ဆောင်းရာသီ စားဖို ဆောင်သီးနှံ များ တစ်ပိုင် တစ်နိုင်အနေဖြင့် စိုက်ပျိုးထားကြောင်း သိရှိပါသည်။
ထိုသို့ စိုက်ပျိုးထားရှိရာတွင် စားဖိုဆောင်သီးနှံများကို ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး မိုးရာသီ သီးနှံများဖြစ်သည့် ကျောက်ဖရုံပင်၊ ကင်းမုံပင်၊ ကြက်ဟင်းခါးပင်၊ ချဉ်ပေါင်ပင်၊ ကျောက်စိမ်းပန်းပင် ၊ ဒန့်ဒလွန်ပင်၊ တောင်ကြီးဂန္ဓမာပန်းပင်၊ ငှက်ပျောပင်၊ ခဆော့သီးပင်၊ ခဝဲပင်၊ ဘိုစားပဲပင်၊ ရုံးပတီသီးပင် နှင့် ကန်ဇွန်းပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားရှိရာ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး သုံးစွဲခြင်းမရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်း၍ လတ်လတ် ဆတ်ဆတ် ခူးဆွတ်စားသုံးရပြီး ဝန်ထမ်းမိသားစုဝင်များ အထောက်အကူရရှိကြောင်း သိရသည်။
ဆက်လက်ပြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းမိသားစုများအနေဖြင့် ရာသီအလိုက် စိုက်ပျိုး ရသော စားဖိုဆောင်သီးနှံမျာကိုလည်း တစ်ပိုင်တစ်နိုင်အနေဖြင့် ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)