
ဒေသထွက်ကုန်များထဲမှ ပလောပီနံများကို အိမ်တွင်းစိုက်ပျိုးသီးနှံအဖြစ်အများဆုံးထားရှိပြီး ဒေသတွင်းပြန်လည်ရောင်းချလျက်ရှိသည်။ မြိတ်ခရိုင်၊ ကျေးလက်ဒေသနှင့် ကျေးရွာများတွင် အများဆုံးထွက်ရှိကြသည်။ ကုန်ကျစရိတ်အနည်းငယ်ဖြင့် စိုက်ပျိုးနိုင်ပြီး နှစ်ရှည်ခံ ချုံပုတ်ပင်အမျိုး အစားဖြစ်သည့်အတွက် အပင်တိုးပွားလာနိုင်သည်။ ပုလောပီနံပင်ရှိ အရွက်၊ ဥများကို လူတို့စားသုံး နိုင်သလို တရိစ္ဆာတို့၏အစာအဖြစ်လည်း ထုတ်လုပ်နိုင်သည်။ အချိုမုန့်ထုတ်လုပ်ရာတွင်အမျာဆုံး သုံးစွဲကြကြောင်းသိရှိရပါသည်။ မြိတ်ခရိုင်တွင် ယခင်က ပလောပီနံဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ် ရှိရာမှ ၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် စျေးနှုန်းစုံစမ်းချက်အရ ၂၀၀၀ကျပ်ဖြစ်နေကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)