
ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် လူနည်းစုစားသုံးလျက်ရှိသော ပေါ်ဆန်းစပါး ၄၆ ပေါင် ၁တင်း ကျပ် ၂၄၅၃၃ ဈေး ပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၁၁၅၀၀၀ ဈေး လူအများစားသုံးလျက်ရှိသော မိုးမနောသုခ စပါး ၄၆ ပေါင် ၁ တင်းကျပ် ၁၅၆၄၀ ဈေး ဆန်တစ်အိတ်ကျပ် ၇၀၀၀၀ ဈေးနှင့် ဈေးတန်းနိမ့်သော နွေသီးထပ်ရင် စပါး ၄၆ ပေါင် ၁ တင်းကျပ် ၁၂၈၈၀ ဆန်တစ်အိတ် ကျပ် ၅၇၀၀၀ ဈေးနှင့် ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဩဂုတ်လပထမပတ်တွင် ပေါ်ဆန်းစပါး ၁တင်း ကျပ်၂၄၅၃၃ ပေါ်ဆန်းဆန် တစ်အိတ် ၁၁၆၀၀၀ဈေး ၊မိုးမနောသုခစပါး ၁တင်း ကျပ် ၁၅၆၄၀ ဈေး၊ ဆန်တစ်အိတ်ကျပ် ၇၀၀၀၀ ၊နွေသီးထပ်ရင်စပါး ၁တင်းကျပ် ၁၂၈၈၀ ဈေး၊ ဆန်တစ်အိတ်ကျပ် ၆၁၀၀၀ ဈေးနှုန်းဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်လနှင့် ယခုလကာလတူ နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၁၀၀၀ နှင့် နွေသီးထပ်ရင် ဆန်တစ်အိတ်ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းဈေးကွက်မှသိရပါသည်။
(DOCA ဧရာဝတီ)