ဟင်္သာတကုန်စည်ဒိုင်မှ ပြည်ပပို့ကုန်မတ်ပဲနှင့် အစေ့ထုတ်ပြောင်းလစဉ်တင်ပို့ရောင်းချလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်နှင့်မြန်အောင်ခရိုင်တို့သည် လယ်ယာထုတ်ကုန်ကဏ္ဍတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းဈေးကွက်အတွင်း စားသုံးမှုရှိသည့်အပြင် ဈေးကွက်ဝယ်လိုအားရှိသော မတ်ပဲ၊ပဲတီစိမ်းနှင့်အစေ့ ထုတ်ပြောင်း တို့ကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဟင်္သာတကုန်စည်ဒိုင်မှ တစ်ဆင့်လစဉ်ရန်ကုန်မြို့သို့ ရောင်းချလျက်ရှိရာ ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

     ဟင်္သာတကုန်စည်ဒိုင်မှ ဇူလိုင်လအတွင်း မတ်ပဲတန် ၂၃၂၅ နှင့် အစေ့ထုတ်ပြောင်းတန် ၂၂၀၀ တင့်ပိုရောင်းချခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်အတွင်း မတ်ပဲတန် ၁၆၂၅ နှင့်အစေ့ထုတ်ပြောင်း တန် ၁၅၇၅ တင်ပို့နိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ပြည်ပပို့ကုန်များတွင် ဆန်၊ဆန်ကွဲ၊ပေါင်းဆန်ပြီးလျှင် ပြည်ပပို့ကုန်အဖြစ် ပဲကိုအများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

(DOCA ဧရာဝတီ)