မအူပင်မြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်း ဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

   မအူပင် မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်း ရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန်လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

   ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဇူလိုင်လ တတိယပါတ်ဈေးအနေဖြင့်  ဘိလပ်မြေ အယ်လဖာ ၁အိတ် ၁၉၅၀၀ ကျပ်၊ ကြံနီ ၁အိတ် ၂၀၀၀၀၊ စက်အုတ်(ကျွန်းကုန်း)  ၁ခဲ ၃၅၀ကျပ်၊ မြစ်သဲ ၁ကျင်းလျှင် ၁၂၀၀၀(ဝန်ဆောင်ခမပါ)၊ ကျောက်စရစ် ၁ကျင်း ၁၇၀၀၀၀ကျပ်၊  ၆မူးလုံး သံချောင်း ၁တန် ၂၀၀၀၀၀၀ ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၁၇၅၀၀၀၀ကျပ်၊ Local များဖြစ်ပြီး၊ ၃မူးလုံး ၁တန်  ၁၆၀၀၀၀၀ ကျပ်၊ ၃ပဲ သံချောင်း တစ်တန် ၄၀၀၀၀၀၀ကျပ် အရောင်းအဝယ်ဖြစ်နေပြီး၊ ယခင် လဈေးဖြင့် နှိုင်းယှဉ်ပါက ဘိလပ်မြေ ၃၅၀၀ကျပ်ကျဆင်း၊ကြောင်းတွေ့ရပြီး အခြားကုန်ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)