
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။
ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၆၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၅၀၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၆၆၀၀ဝိ/-)ကျပ်နှင့် ဒီမွန်1.8တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100cc တစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ၊ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်းပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မိုးစပါးများစိုက်ပျိုးနေချိန်ဖြစ်၍ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းအဝယ်ကောင်းကြောင်း၊ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်များမှတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)