မုံရွာမြို့၏ ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

Powered by Drupal

                              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် နွယ်ပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီး တွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူ များစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စားသောက်ရ သည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

                    ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၅၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီး၊ နဂါးမောက်သီးအလုံးသေးတစ်လုံးလျှင်(၆၀၀)ကျပ်နှင့် အလုံးလတ် တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အ တွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)