
အာလူးကို ရှမ်းပြည်တောင်ပေါ်ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုး ကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ် အာလူး (မိုး)စိုက်ဧက (၁၂၅)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။
မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊အောင်ပန်း၊သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ ၊နောင်တရားမြို့များမှ တစ်လ လျှင် ကုန်ချိန် ပိဿာ(၆၅၀၀၀)မှပိဿာ(၁၀၀၀၀၀) ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုဩဂုတ်လ ပထမပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အာလူးအဝင်များလာခြင်းကြောင့်ဖြစ်သည်ဟုအာလူးပွဲရုံများမှ သိရပါသည်။
DOCA(မန္တလေး)