
မော်လမြိုင်မြို့၏ အေးသာယာကုန်စိမ်းဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)အတွင်း တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၄၂၀၀ အတွင်းဖြစ်ခဲ့ရာမှ ဩဂုတ်လ (တတိယပတ်)တွင် ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးနှုန်းမြင့်တက် လာကြောင်း ကုန်စိမ်းရောင်းချသူများမှ သိရှိရသည်။
ယခင်လ ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ပြီး ယခုလ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုလမှာ ခရမ်းချဉ်သီး ဈေးနှုန်း သိသိသာသာ ဈေးနှုန်း မြင့်တက်ကြောင်း သိရသည်။
ထိုသို့ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ရှမ်းပြည်နယ်မှ မော်လမြိုင် သို့ဝင်ရောက်မှုရှိသည့် ခရမ်းချဉ်သီး ကားအရေအတွက်နည်းပါးခြင်း၊ ကုန်တင်ကုန်ချ လုပ်သားခစရိတ်မြင့်တက်လာခြင်း၊ ရာသီဥတုနှင့်လမ်းခရီး အခက်အခဲတို့ကြောင့် ကုန်စည်များစီးဆင်းမှုနည်းပါးခြင်းဖြစ်ကြောင်း ကုန်စိမ်းအရောင်းအဝယ်ကုန်စည်ဒိုင်များမှ သိရှိရသည်။
DOCA (မွန်)