အင်းစိန်ဈေးအတွင်းရှိ စားသုံးဆီနှင့်ငါးအမျိုးမျိုးတို့၏ ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၁၅.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ စားသုံးဆီနှင့် ငါးအမျိုးမျိုးတို့အား အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှု့လျက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးတို့အတွက် အခြေခံစားကုန်ပစ္စည်းဈေးနှုန်းများကောက်ခံခြင်း၊ ငါးအမျိုးမျိုးတို့၏ ဈေးနှုန်းများ ကောက်ခံခဲ့ရာတွင် ဩဂုတ်လပထမပတ်ဈေးနှုန်းများနှင့် သိသာစွာကွာခြားမှုမရှိဘဲ စားအုန်းဆီ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရပြီး အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)