
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော ကြက်တက် ရွက်များကို ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက် ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀၀) ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက် ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိပြီး ယခင် အပတ်ထက် ကြက်တက်ရွက် ဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)