“ရာသီပေါ်ပဲမြစ်ညွန့်များစျေးကောင်းရ”

Powered by Drupal

         မိုးတွင်းကာလတွင် သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ ရာသီပေါ် ပဲမြစ်ညွန့်များထွက်ပေါ် လျက်ရှိပါသည်။ ပဲမြစ်ညွန့်များကို တောင်ကြီး၊ အင်းလေးဒေသများမှ အများဆုံးထွက်ပေါ်လျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင်လည်း ပဲမြစ်စိုက်ပျိုးသော ကောင်းတင်နှင့် ရှားပင်ကျေးရွာများမှ အစောစိုက်ပဲမြစ်များမှ ပဲမြစ်ညွန့်များ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများ အတွင်းသို့ဝင်ရောက်လျက်ရှိပါသည်။ ပဲမြစ်ညွန့်များကို အသုပ်သုပ်၍သော်လည်းကောင်း၊ အတို့အမြုပ်အဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်စားသောက်၍သော်လည်းကောင်း စားသုံးကြပါသည်။ ပဲမြစ်ညွန့် အရသာသည် ချို၍အရသာရှိသောကြောင့် ခံတွင်းမြိန်စေပြီးစားကောင်းသဖြင့် စားသုံးသူများကြိုက်နှစ်သက်ကြပါသည်။ ပဲမြစ်ညွန့်များကို ဖောက်သည်စျေးအနေဖြင့်(၁၀)ကျပ်သား လျှင်(၅၀၀/-)ကျပ်၊ လက်လီစျေးအနေဖြင့်(၁၀)ကျပ်သားလျှင်(၇၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)