
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စပါး၊ ပဲတို့ကို စိုက်ပျိုးလျက်ရှိပြီး ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြသည်။ သီးနှံများကိုလည်း တစ်ပိုင်းတစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေတောင်ပေါ်ကျေးရွာတွင် လယ်မြေပေါ်၌ မာလကာသီး စိုက်ပျိုးကြောင်း သိရသည်။
စိုက်ပျိုးမှုအနေဖြင့် ဂိုင်းဆက် မာလကာသီးကို စိုက်ပျိုးခြင်းဖြစ်ကြောင်း ၊ လယ်၁ဧက ပေါ်တွင် ဗမာ မာလကာသီးစိုက်ပျိုးထားသည်။ လယ်မြေပေါ်တွင် မြောင်းကြီး ၁၂မြောင်းဖြော်၍ စိုက်ပျိုးထားကြောင်း၊ မြောင်းကြီး တစ်မြောင်းတွင် အပင်ရေ ၆၅ပင် စိုက်ပျိုးထားပြီး အပင်ပေါင်း ၇၈၀၀ခန့် စိုက်ပျိုးထားသည်။ အပင်စတင်စိုက်ပျိုး ချိန်မှာ ၂၀၂၃ခုနှစ် ၁၂လပိုင်းမှ စတင်စိုက်ပျိုးခဲ့ပြီး ၁နှစ်နှင့် ၇လအကြာတွင် မာလကာသီးများ ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ၁ဧကလျှင် သိန်း ၈၀ခန့်ကုန်ကျသည်။ ထွက်ရှိမှုအနေဖြင့် မာကလာသီး ၁ပင်လျှင် အလုံးရေ ၆၀-၇၀ ခန့်ထွက်ရှိသည်။ ပျမ်းမျှ ၅သိန်းကျော်ခန့် ထွက်ရှိနိုင်ကြောင်း စိုက်ပျိုးသူ ခြံတာဝန်ခံ ဦးအောင်မင်း ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့က မအူပင်မြို့နယ် အခွန်လွတ်ဈေးတွင် ရောင်းချမှုအနေဖြင့် လက်လီဈေး မာလကာသီး ၁လုံးလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ လက်ကားဈေးအနေဖြင့် မာလကာသီး အလုံး၁၀၀၀ပါ တစ်ခြင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း ခြံတာဝန်ခံမှ ရှင်းပြသည်။ မာကလာပင်ပိုးမကျအောင် ဂရုစိုက်၍ စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ရကြောင်း၊အပင်ပိုးကျပါက ပိုးကျသော အပင်ကို ခုတ်သတ်ရကြောင်း၊ မရှင်းလင်းပါက ပိုးကူးဆက်နိုင်၍ စိုက်ပျိုးမှုဆုံးရှုံးနိုင်ကြောင်း ရှင်းပြသည်။ တင်ပို့မှု အနေဖြင့် မအူပင်၊ ကျိုတ်လတ်၊ ဖျာပုံ၊ ဘိုကလေးသို့ တင်ပို့ရောင်းချကြပြီး၊ ရန်ကုန်သို့ အနည်းငယ်သာတင်ပို့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)