မင်းဘူးမြို့၊ မြို့မဈေး၌ ပဲလင်းမြွေသီး(ဗုံလုံသီး)ဈေးကျဆင်း

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ပဲလင်းမြွေသီး(ဗုံလုံသီး)ကို မင်းဘူးမြို့နယ် အတွင်းရှိကျေးရွာများအပြင်အပြင် စကု၊ ပွင့်ဖြူမြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲလင်းမြွေသီး(ဗုံလုံသီး) (၁)တောင့်လျှင် ကျပ်(၈၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)တောင့်လျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းဘူးမြို့နယ်အတွင်း ကျေးရွာများရှိ တစ်နိုင်တစ်ပိုင် ပဲလင်းမြွေသီး(ဗုံလုံသီး) စိုက်ခင်းများ စတင်ထွက်ပေါ်လာသည့်အပြင် မှာယူရောင်းချရာ အခြားဒေသများတွင်လည်း လှိုင်လှိုင် ထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)