ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီး များအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နှင်းပန်းတစ်စီး လျှင်(၁၀၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင်(၅၀၀မှ ၇၀၀) ကျပ်၊ (၃)စီးလျှင် (၂၀၀၀)ကျပ်တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)