မုံရွာမြို့တွင် ရောင်းချနေသော   ခရမ်းချဉ်သီးနှင့်အာလူး ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း  ခရမ်းချဉ်သီးနှင့်  အာလူးများ အရောင်းသွက်လျက် ရှိကြောင်းသိရပါသည်။  ခရမ်းချဉ်သီးကို ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့် ရောကြောခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများ သည်လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။

    ဩဂုတ်လစတုတ္ထအပတ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၈၀၀) ကျပ်၊(၁၀၀၀)ကျပ်နှင့်(၁၂၀၀)ကျပ်ဖြစ်ပြီး၊ အာလူးသီးဈေးနှုန်းမှာ အာလူးသီး () ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၅၀၀)ကျပ်ဖြင့်   ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA (စစ်ကိုင်း)