စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် စားသုံးသူရေးရာသင်တန်းကျင်းပ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် စားသုံးသူရေးရာသင်တန်းကျင်းပခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မုံရွာခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကလေးခရိုင်ဉီးစီးမူးရုံး၊   ကန့်ဘလူခရိုင်ဦစီးမှူးရုံး၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများက Online စနစ်ဖြင့် တက်ရောက်ခဲ့ ကြပြီး စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် လည်းကောင်း၊ စားသုံးသူနှင့်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောရာတွင်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို တတ်ကျွမ်းသိရှိနားလည်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ  ဦးစီးအရာရှိ၊ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၂)နှင့်အခန်း(၃)တွင်ပြဌာန်းထားသည့်စားသုံးသူ ကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်(၈)ချက်နှင့် ကော်မရှင်ဖွဲ့စည်းခြင်းများအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပို့ချခဲ့ပြီး  ဥပမာများပေး၍ ဝန်ထမ်းများစိတ်ဝင်စားအောင် အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချ ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)