ဗီယက်နမ်နှင့် သြစတြေးလျနိုင်ငံတို့၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိရှိလာ

Powered by Drupal

           ဗီယက်နမ်နှင့် သြစတြေးလျတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သြဂုတ်လ ၂၀ ရက်နေ့တွင် သဘောတူညီခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးရန် ရည်မှန်းထားကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ Nhan Dan (People) က ဖော်ပြခဲ့သည်။

          ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကျင်းပခဲ့သော ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ် Bui Thanh Son နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ ပူးတွဲ သဘာပတိအဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

          သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာမြင့်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အကူးအပြောင်းနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံက တောင်းဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)