
မြင်းခြံမြို့ပေါ်ဈေးကွက်သို့ CP အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ ကျေးရွာအများစုမှ ထွက်ရှိသော CP အစေ့ထုတ်ပြောင်းများရောင်းချလျက်ရှိပြီး ကုန်အဝင်မှာ တစ်ဖြည်းဖြည်း နည်းပါးလာကြောင်း ၊ ရာသီကုန် ကာလလည်းဖြစ်၍ အဝင်နည်းရခြင်းဖြစ် ကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုအရသိရ ပါသည်။CP အစေ့ထုတ်ပြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္တပတ်တွင် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၃၀ - ၁၄၄၀ ကျပ်ဈေးဖြင့် အိတ် ၁၀၀၀-၁၅၀၀ ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခု စက်တင်ဘာလ ပထမပတ်၏ ၂-၉-၂၀၂၅ ရက်နေ့ဈေးအနေဖြင့် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၀၀ ကျပ်သို့ဈေးနှုန်း ကျဆင်းသွားပြီး အိတ်ရေ ၇၀၀-၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ လှောင်လက် လုပ်ငန်းရှင်များမှ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း တစ်ဆင့်ပြန်လည်၍ မန္တလေးနှင့် ရန်ကုန်ရှိ အစာစပ်စက်ရုံသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိကာလသည် ဧရာဝတီမြစ်ရေဝင်ပြီးကာလဖြစ်ပြီး CP အစေ့ထုတ်ပြောင်းများကို အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင် စိုက်ပျိုးကြမည်ဖြစ်ကြောင်းလေ့လာသိရှိရပါကြောင်း ၊ ရှမ်းပြောင်း (CP) များလည်း ထွက်ပေါ်နေပြီဖြစ်သည့်အတွက် မြင်းခြံဈေးကွက် အတွင်းသို့ လည်းရှမ်းပြောင်း(CP)များမကြာခင်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် CP အစေ့ထုတ်ပြောင်း ဈေးကွက်အနေဖြင့် ဒေသထွက်ပေါ်ခြင်းမရှိ သော်လည်း ဈေးနှုန်းပြောင်းလဲနိုင်ဖွယ်မရှိကြောင်း လုပ်ငန်းရှင်းတစ်ဦး၏ ပြောကြားမှုအရသိရပါသည်။
DOCA(မန္တလေး)