ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ် ဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

           စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းမှာ တစ်ထုတ်လျှင်(၁၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် ဈေးနှုန်းများမှာ ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)