ကန်ကြီးထောင့်မြို့ ပုဇွန်ဈေးနှုန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်တွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုဇွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လပထမပတ်အတွင်း ကန်ကြီးထောင့်မြို့မဈေးသစ်တွင် ရောင်းချနေသော ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်စိတ် (အကြီး) တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ ပုဇွန်စိတ် (အကြီး)  (၅၀)ကျပ်သားလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်စိတ် (အကြီး) (၁၀)ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ ပုဇွန်စိတ် (အသေး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုဇွန်စိတ် (အသေး) (၅၀)ကျပ်သား လျှင် (၁၀၀၀၀)ကျပ်၊ ပုဇွန်စိတ် (အသေး) (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

(DOCA ဧရာဝတီ)