ဘိုကလေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင်ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး၊  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို စက်တင်ဘာလ ၈ ရက်တွင် အခြေခံပညာ မူလတန်းလွန်ကျောင်း (ဓမ္မာရုံ) ၌ ကျင်းပသည်။

            ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်းကြောင့်ရရှိလာနိုင်သည့်  ရလဒ်ကောင်း များ၊ စာပေဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်းမှုများ စသောစာဖတ်ရှိန် မြှင့်တင်ရေး ဆိုင်ရာများ ဟောပြောပြီး မြို့နယ်စားသုံး သူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်း အေးက ဆိုးဆေးအန္တရာယ်များ အကြောင်းနှင့် သက်တမ်းလွန် အစားအသောက်များ၊ အန္တရာယ်ရှိသော အစားအစာများကို ဝယ်ယူစားသုံးမှု မရှိစေရေးအတွက် အသိပညာ ပေးဟောပြောသည်။

            ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကဏ္ဍစုံအသိပညာ ပေး နံရံကပ်စာစောင်များ၊ သုတ၊   ရသစာအုပ်စာပေများခင်းကျင်းပြသထားရာ ကျောင်းသား ၊ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ကြသည်။အဆိုပါ   အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာ မူလတန်းလွန်ကျောင်း   (ဓမ္မာရုံ) မှ  ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ   တက်ရောက် ကြကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)