ထားဝယ်မြို့ရှိ ဓါတ်မြေသြဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍  ထားဝယ်မြို့ရှိ ဓါတ်မြေသြဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ‌ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်မြေသြဇာစျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ တောင်သူများ ဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များသို့ ပြန်လည်ရောင်းချမှုများရှိ/မရှိ စျေးနှုန်း မြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ  တို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)