
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ( ၁၅ )ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် ဒု-တိုင်းဒေသကြီးဦးစီးမှူးက မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ဆာကူရာယိုမျိုးစုံ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် စပ်လျဥ်း၍စီးပွားရေးလုပ်ငန်းရှင်က အာမခံချက်ပေးရမည့်အချက်များအကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် အွန်လိုင်းမှတ်ပုံတင် လျှေက်ထားခြင်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)