
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ရုံးချုပ်၏ လမ်းညွှန်မှာကြားချက်အရ “ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်း ကျင်မှုဆိုင်ရာ ” ပြိုင်ပွဲ ကို ၁၀.၉.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲ၏ စည်းကမ်းချက်များ၊ ပြိုင်ပွဲဝင်များ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ အမှတ်ပေး စည်းမျဉ်းများအကြောင်းကို အသေးစိတ် ရှင်းပြခဲ့ပါသည်။ ထိုနောက် တိုင်းဒေသကြီးဦးစီးရုံးနှင့် ခရိုင်ရုံးများရှိ ဝန်ထမ်းအသီးသီးမှ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ မေးခွန်းများကို ပါဝင်ယှဉ်ပြိုင် ကြရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများက အကဲဖြတ်အမှတ် ပေးကြပါသည်။ ထိုပြိုင်ပွဲကို တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက Imperson စနစ်ဖြင့် လည်း ကောင်း၊ ခရိုင်ရုံးများရှိ ဝန်ထမ်းများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြပြီး ယှဉ်ပြိုင် သူများထဲမှ အကောင်းဆုံးတစ်ယောက်ကို ရွေးထုတ်ကာ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)သို့ ပို့ဆောင်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)