ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၂.၉.၂၀၂၅ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ရှိ ဆီကိုယ်စားလှယ် (၇)ဦး၏ ဆီဆိုင်များအား “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

      ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးနှင့် ညောင်လေးပင်ခရိုင်ဦးစီး မှူးရုံးမှ အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် မိတ်ဖက်ဌာနများ ဖြစ်ကြသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပဲနွယ်ကုန်းမြို့ရှိ ဆီကိုယ်စားလှယ် (၇)ဦး တို့၏ ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆီကိုယ်စားလှယ်များအား ပြည်သူများကို ဆီရောင်းချရာ၌ “ မှန် (၆)မှန် ”ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေး ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)