တောင်ငူခရိုင် ပညာရေးဒီဂရီကောလိပ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်၉နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေး အခမ်းအနားကျင်းပခဲ့ပါသည်။

    ဟောပြောပွဲအခမ်းအနားတွင် တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ လွင်လွင်စန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင် က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ ထုတ်ကုန်များအပေါ်၌ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့တိုင်ကြားနိုင်ကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေး ဟောပြောခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)