ရွှေတောင်မြို့နယ်တွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက် အ.မ.က ကြာနီကန်ကျောင်းတွင် (၈.၉.၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ၊ ဒေါ်ဇင်မာချောစုကြည်               (ဒု-ဦးစီးမှူး)မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် (၁၅၃) Call Center အကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကလေးအလုပ်သမားများ အကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်မှ မသုံးစွဲသင့်သော တိုင်းရင်းဆေးများအကြောင်းနှင့် ခွေးရူးပြန်ရောဂါအကြောင်းများကို ကျောင်းသား/သူ (၅၅)ဦးအား အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ပဲခူး)