
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများ နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေး ခြင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃.၉.၂၀၂၅ ရက်နေ့တွင် ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၂) ပန်ကန်ဆေးဆပ်ပြာဆီ တစ်နိုင်တစ်ပိုင် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထိုသိုတွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
DOCA (မွန်)