
(၁၄.၁၀.၂၀၂၆) ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ မုန့်တိုက်များသို့ စားသုံးသူရေးရာဦးစီးဌာန ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) ဦးဆောင်၍ ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသထွက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များဖြစ်သော ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆည်းသည့် ရက်စွဲများ ကပ်နှိပ်နိုင်စေရေး ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဒေသထွက်ကုန်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မုန့်တိုက်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြနိုင်စေရန်နှင့် ထုတ်လုပ်သည့် ရက်စွဲနှင့် သတ်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ကုန်စည်တွင်ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ ( Sticker ) ဖြင့် ကပ်နှိပ်ဖော်ပြရန် သီးခြားခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုန်စည်တွင်တိုက်ရိုက်ကပ်နှိပ်ခြင်း (သို့မဟုတ်) ပုံသွင်းခြင်းဖြင့်သာဖော်ပြရန်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နောက်ပိုင်းတွင် လိုက်နာဆောင်ရွက်ရန်အားနည်းသော သို့မဟုတ် လိုက်နာရန်ပျက်ကွက်သော ကုန်စည်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာထန်လမ်းဒိမ်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် သမ်းတမ်းတိုးဆောင်ရွက်ရန်အတွက် လိုအပ်သည့်အထောက်အထားများနှင့် ဓါတ်ခွဲစမ်းသပ်ရန်အတွက် ကုန်ပစ္စည်းနမူနာများ ပေးပို့ဆောင်ရွက်ခြင်းကိစ္စရပ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
