
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ပခုက္ကူမြို့ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)ရှိခဲ့ပြီး ယခု(တတိယပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၅၀၀)၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးအနည်းငယ်တက်လာ ကြောင်း၊ ဆိုင်များတွင် လက်ကျန်အခြေအနေ လုံလောက်စွာရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် အသုံးများသော ဓာတ်မြေဩဇာဈေးနှုန်း များမှာ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ် အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်း များမှာ အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုမက်နီဖော့(၁)လီတာတစ်ဘူး လျှင် ကျပ်(၁၁၆၀၀၀)၊ မိုစတား(၁)လီတာတစ်ဘူးလျှင်ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၂၅၀)ccတစ်ဘူး လျှင် ကျပ်(၁၈၀၀၀)၊ (၅၀၀)ccတစ်ဘူးလျှင် ကျပ်(၃၂၅၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၀၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၂၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၆၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၂၀၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၅၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၅၅၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၅၀၀)၊(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၂၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် ဒုတိယပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုအချိန်သည် ပဲမျိုးစုံပေါ်ချိန်ဖြစ်၍ ဓာတ်မြေဩဇာထက် ပိုးသတ်ဆေးများမှာ ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)