မြေထောက်ပဲစျေးအနည်းငယ်ကျ

Powered by Drupal

     မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင် မြေထောက်ပဲပေါက်စျေးမှာ ၂၇၀၀၀၀ ကျပ် နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၅၀၀၀ကျပ်နှင့် ၅၃၇၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ် နှင့် ၃၆၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၇၄၁ကျပ်နှင့် ၆၇၅၉ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။      

DOCA(မန္တလေး)