
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့် မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခု စက်တင်ဘာလ တတိယပတ်အတွင်း မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့် မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၅၀၀ ကျပ်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)