ကျွန်းလှမြို့၌ စိုက်ပျိုးရောင်းချလျက်ရှိသော ခရမ်းသီး ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်းအနေဖြင့် ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၁၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်း တစ်ပိသာလျှင်(၄၀၀)ကျပ် ဈေးနှုန်း ကျဆင်း ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေ သော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)