စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စက်တင်ဘာလ စတုတ္တပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  မြေပဲလုံးဆံနီ  တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင်  (၉၇၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၂၀၀၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၅၅၀) ကျပ် တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)