တောင်ငူမြို့နယ်ဈေးများရှိ ပန်းထိမ်ငိုပန်းဈေးနှုန်းဈေးကွက်

Powered by Drupal

    မိုးရာသီကာလ၌တွေ့ရသော ပန်းထိမ်ငိုပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူရန် အိမ်ရှင်မများက ဝယ်ယူလေ့ရှိကြပြီး ပန်းထိမ်ငိုပန်းသည် ကြာရှည်အထားခံသောပန်းတစ်မျိုးလည်းဖြစ်သည်။ အစိမ်းရင့် ရောင်အရွက် များဝေဆာစွာနှင့်အခက်အလက်များစွာပါရှိသော ပန်းထိမ်ငိုပန်းများသည် တစ်ထပ် ပန်းထိမ်ငို၊ နှစ်ထပ်ပန်းထိမ်ငို နှင့် သုံးထပ်ပန်းထိမ်ငိုဟူ၍ အမျိုးအစား ၃ မျိုးရှိပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် ပန်းရောင်ဟူ၍ အရောင် ၃ မျိုး ရှိကာ ဈေးများထဲတွင် အဖြူရောင်ပန်းကိုသာ အများဆုံး တွေ့ရပါသည်။

    ပန်းထိမ်ငိုပန်းကို နေပြည်တော်၊ ပျဉ်းမနားမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုးတောင်သူများအတွက် တွက်ခြေကိုက်သောပန်းတစ်မျိုးဖြစ်ကာ ပျဉ်းမနားမြို့ သည် ပန်းထိမ်ငိုပန်း အများဆုံးထွက်ရှိရာဒေသလည်းဖြစ်သည်။ တောင်ငူမြို့နယ်ဈေးများတွင် ရောင်းချ နေသော ပန်းထိမ်ငိုပန်းများသည် နေပြည်တော်၊ ပျဉ်းမနားဘက်မှဝင်ရောက်လာပြီး ပန်းထိမ်ငိုပန်း အဖြူရောင် (၁၀)ခိုင်တစ်စည်းလျှင် ၂၅၀၀ ကျပ်၊ ပန်းထိမ်ငိုပန်းခရမ်းရောင် ဆယ်ခိုင်တစ်စည်းလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)