တောင်ငူမြို့နယ် ညောင်ပင်လေးဈေး ရှိ ရှမ်းပြည်ထွက် ဟင်းသီးဟင်းရွက်များ ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိ

Powered by Drupal

      တောင်ငူမြို့ညောင်ပင်လေးဈေးသို့ အခြားမြို့နယ်ဒေသများမှရာသီအလိုက်ထွက်ရှိသော ဟင်းသီး ဟင်းရွက်များ တင်ပို့ရောင်းချသော်လည်း ရှမ်းပြည်နယ်မှ ထွက်ရှိသော ရှမ်းပြည် မုံညှင်းမှာ ယခင်လ က (၁) ပိဿာ ၃၀၀၀ ကျပ် ၊ ၃၅၀၀ ကျပ် ရှိပြီး ယခုအပါတ်တွင် (၁) ပိသာ ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဘိုစားပဲသီးမှာ ယခင်လက ၂၅ ကျပ်သား ၁၀၀၀ကျပ်၊ (၁) ပိဿာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ရှိသော်လည်း ယခုအပါတ်တွင်ဘိုစားပဲသီး၂၅ ကျပ်သား ၁၂၀၀ ကျပ်၊ (၁) ပိဿာ ၄၅၀၀ ကျပ်မှ၅၀၀၀ ကျပ် ရှိပြီး ဈေးနှုန်းအငယ်နည်းသွားပါသည်။ ယခင်လ က မုံလာဥဖြူ ၂၅ ကျပ်သား ၇၅၀ ကျပ်မှ ၈၀၀ ကျပ် ၊ (၁) ပိဿာ ၂၈၀၀ ကျပ် မှ ၃၀၀၀ ကျပ် ရှိသော်လည်း ယခုအပါတ်တွင် မုံလာဥဖြူ ၂၅ ကျပ်သား ၉၀၀ ကျပ် မှ ၁၀၀၀ ကျပ် ၊ (၁) ပိသာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ထိရောင်းချသည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်သွားပါသည်။

     ယခင်လက မုံလာဥနီ ၂၅ ကျပ်သား ၈၀၀ ကျပ် မှ ၉၀၀ ကျပ် (၁) ပိဿာ ၃၅၀၀ ကျပ်မှ၄၀၀၀ ကျပ် ရှိပြီး ယခုအပါတ်တွင် မုံလာဥနီ ၂၅ ကျပ်သား ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ် ၊(၁) ပိဿာ ၄၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိဈေးနှုန်းရှိပြီး ယခင်လက ပန်းပွင့် အသေး ၁၀၀၀ ကျပ် ၊ အလတ် ၁၈၀၀ ကျပ် ၊ အကြီး ၂၅၀၀ ကျပ်ဈေးရှိသော်လည်း ယခုအပါတ်တွင် ပန်းပွင့် အသေး (၁) ပွင့် ၁၅၀၀ ကျပ် ၊ (၂) ပွင့် ၂၅၀၀ ကျပ် ၊ အလတ် (၁) ပွင့် ၂၅၀၀ ကျပ် (၂) ပွင့် ၄၅၀၀ ကျပ် ၊ အကြီး (၁) ပွင့် ၃၀၀၀ ကျပ် ၊ (၂) ပွင့် ၅၅၀၀ ကျပ် ထိဈေးနှုန်းမြင့်တက်လာသော်လည်း ရောင်းချမှုမှာ ယခင်အတိုင်းရောင်းအား ကောင်းလျက်ရှိကြောင်း ရောင်းချသည့် ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)