
ပန်းမုံလာ (ဂေါ်ဖီပန်း) ကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ပေါ်ဒေသများဖြစ်သော နောင်စံ ဖူး၊ ရွှေသာကုန်း၊ နန်းအုံကျေးရွာများတွင် အိမ်သုံး၊ ဈေးကွက်ရောင်းချမှုအတွက် နှစ်စဉ်စီးပွားဖြစ်စိုက် ပျိုးကြသော သီးနှံတစ်မျိုးဖြစ်ပါသည်။ပန်းမုံလာ (ဂေါ်ဖီပန်း)ကို မေ၊ ဇွန်၊ ဇူလိုင်လများတွင် အဓိက ထားစိုက်ပျိုးကြပြီး ယခုချိန်ဖြစ်သော စက်တင်ဘာလတွင် ပန်းမုံလာထွက်ရှိမှု အနည်းငယ်သာရှိ၍ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။သို့ဖြစ်ပါ၍ ပန်းမုံလာများ မှာ တစ်ပိဿာကျော်တစ်ပွင့်လျှင်(၃၀၀၀)ကျပ် နှင့် တစ်ပိဿာအောက်တစ်ပွင့်လျှင် (၂၅၀၀)ကျပ်ခန့် ဖြင့် သီးနှံစိုက်တောင်သူများ ဈေးကောင်းရရှိနေကြပြီး ပြည်တွင်းဒေသစုံဈေးကွက်များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း တောင်သူပွဲရုံများထံမှ လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)