
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၆.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၈၀)၊ ပန်းတဉ်း ဝန်ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေမင်းသားဆပ်ပြာလုပ်ငန်းစက်ရုံသို့ သွားရောက်၍ ဆပ်ပြာအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ် ရေးမှူးပါ(၂)ဦးနှင့် ဇုန်ကော်မတီရုံးမှ ဦးနေမျိုးဦးတို့မှပူးပေါင်းပါဝင်လျက် ဒေါ်နီလာဦး၊ ဦးစီးမှူးမှ ရွှေမင်းသားတံဆိပ်ဖြင့် ဆပ်ပြာလုပ်ငန်းတွင်ထုတ်လုပ်သော အဝတ်လျှော်ဆပ်ပြာတောင့်နှင့် ဆပ်ပြာရည်တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု/ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ရာ (၆)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၃:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)