
စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ စက်တင်ဘာလဆန်းမှစ၍ စတင်ဝင်ရောက် လျှက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်းအတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စား အစား အစာအဖြစ်ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ တတိယပတ်အတွင်း သစ်အယ်သီး လက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ် နှင့် ၂၃၀၀၀ကျပ်စျေးဖြင့်ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည် တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)