ကန်စွန်းဥ

Powered by Drupal

         ကန်စွန်းဥသည် ကန်စွန်းကြီးပင်ရဲ့ အမြစ်ဥဖြစ်ပြီး အပြင်ခွံကအရောင်ရင့်ရင့်ဖြစ်ပြီး အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိူးရှိကြပါသည်။ အရသာက ချိုပြီး အသားကခပ်မွမွလေးရှိသည်။ အရွယ်အစားကတော့ခပ်ငယ်ငယ်ကနေ အကြီးကြီးအထိ အမျိုးမျိုးရှိကြပါသည်။ ကန်စွန်းဥမှာ ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယန်၊ ဖောလိတ်၊ ခိုလင်း၊ ဗီတာမင် A၊ ဘီတာမင် K၊ ကိုလက်စထရော တို့ပါဝင်ကြောင်းနှင့် ကန်စွန်းဥစားသုံးခြင်းဖြင့် သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကောင်းစေ ခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ကျန်းမာရေးအတွက်အကျိုးပြုသော ကန်စွန်းဥ၏ ဈေးနှုန်းဈေးကွက်မှာ မန္တလေးမြို့၊ မြို့ဟောင်းဈေးတွင်တစ်ပိဿလျှင် (၄၀၀၀)ကျပ် ၊ ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်နှုန်း ဖြင့် လက်လီရောင်းချလျက်ရှိပါသည်။

DOCA(မန္တလေး)