
မြင်းခြံမြို့နယ်သည် ပြောင်းပြာဆည်ရှိပြီး မိုးကောင်းသောက်ယာမြေများတွင်ဆေးရွက်ကြီး၊ ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားလျက်ရှိရာ ပဲလွမ်းသီးနှံကို လည်းစိုက်ပျိုး ထားကြောင်း၊ ပဲလွမ်းသီးနှံအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥဟုခေါ် ကြကြောင်း၊ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသောအပူချိန်ကိုခံနိုင်သည့် ပဲတစ်မျိုးဖြစ်ကြောင်း၊ စိုက်ပျိုး ချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိစိုက်ပျိုးကြပြီး၊ ရိတ်သိမ်းချိန်မှာ ဒီဇင်ဘာလ မှစ၍ ဇန်နဝါရီလအထိ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြင်းခြံ မြို့နယ်၌ ပဲလွမ်းပဲကိုစီမံကိန်းသီးနှံအဖြစ် (၂၂၅၀) ဧကလျာထား ချက်အပေါ်(၄၂၁)ဧက စိုက်ပျိုးပြီး စီးကြောင်းနှင့် ဆက်လက်စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား အောက်တိုဘာလအထိ လျာထား ချက်ပြည့်မှီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာန၏ စာရင်းများအရ သိရှိရသည်။ ပဲလွမ်းသီးနှံစိုက်ပျိုးထားရှိမှုကို ထနောင်းတိုင်ရွာ၊ ပျော်ဘွယ် စံပြရွာ၊ တလုပ်မြို့ရွာ၊ ရွာသစ်ရွာ၊ ကွမ်းစိုက်ရွာနှင့် သင်ပြွန်းကျေးရွာ များတွင် အများဆုံး စိုက်ပျိုး ကြကြောင်း၊ တောင်သူများ အနေဖြင့် ပဲလွမ်းသီးနှံအားရေဆင်း-၁မျိုးနှင့် ရေဆင်း-(၂) မျိုးကိုစိုက် ပျိုး ထားရှိကြောင်း၊ ပဲလွမ်းသီးနှံ စိုက်ပျိုးထားရှိမှုကို တန်းကြားစနစ်ဖြင့် နှံစားပြောင်း၊ ဝါသီးနှံတို့ဖြင့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ်တွင် မြင်းခြံမြို့ နယ်ရှိပွဲရုံများ၌ ပဲလွမ်းတစ်တင်းလျှင် (၆၂၇၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။
DOCA (မန္တလေး)