တောင်ကြီးမြို့ပေါ်ရှိနာနတ်သီးဈေးကွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်  ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ  (၇)ရက်နေ့၊  မွန်းလွဲ (၁၃:၃၀) အချိန်တွင်  တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း ၌ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းရောင်း ချလျက် ရှိသောဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များမှရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း  အမှတ်အသား ဖော်ပြမှုများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည် ထိုနောက်စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင် များ၊ ထောက်ခံချက်များ ပြုလုပ်ဆောင်ရွက်ရန်   နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက် နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)